အချစ်တစ်ဖုံစာဖော်စပ်နည်း
အချစ်တစ်ဖုံစာဖော်စပ်နည်း
လိုအပ်တဲ့ပစ္စည်းတွေကတော့....
၁။ အကြင်နာမျိုးငါးပါး - ၁ကျပ်သား
၂။ အပြုံးပွင့်ခြောက် - ၃ကျပ်သား
၃။ သမုဒယအမြစ် - ၂ကျပ်သားနှင့်၎ပဲသား
၎။ နှုတ်ခမ်းလွှာအမှုန့် - ၁ကျပ်သားနှင့်၂ပဲသား
၅။ မျက်ဝန်းသတ္တုရည် - ၁ရွေးသား
၆။ သစ္စာအခေါက် - ၃ကျပ်သား
နှလုံးသွေးဖြင့် တေပြီး ညစဉ် အိပ်မက်မမက်မီ စားပါက အသည်းကွဲခြင်း၊ ရင်နာခြင်း၊ နှလုံးသားအဖျားတတ်ခြင်း၊ မျက်ရည်ကျခြင်း၊ မေတ္တာချုပ်ခြင်း၊ အလွမ်းနာကျခြင်း၊ သံယောဇဉ်လေဖြတ်ခြင်း၊ အချစ်ငုတ်ခြင်း၊ အလွမ်းနာတာရှည်ခြင်း၊ အချစ်စိတ်ပုံမှန်မလာခြင်း၊ အချစ်ပိန် အချစ်ခြောက်ခြင်း၊ အချစ်အဆိပ်တက်ခြင်း၊ ဥပက္ခာပြုခံရခြင်း၊ ကရုဏမဲ့ခြင်း၊ သစ္စာမရှိခြင်း နှင့် အတ္တကြီးခြင်း စသည့်ရောဂါများကို ဒိဌ ပျောက်ကင်းစေကြောင်း အာမခံပါသည်။
မှတ်ချက်။ ။
( ၉၆ ) ပါးသော အမုန်းရောဂါအမျိုးမျိုးကိုပျောက်ကင်းစေကြောင်းအာမခံပါသည်။တတ်ကျွမ်းနားလည်သော အချစ်သမားတော်ကြီးများ ကိုယ်တိုင်ကြီးကြပ်စောင့်ရှောက်ကုသပေးနေပါသည်။လူမျိုးမရွေး ဘာသာမရွေးသုံးဆောင်နိုင်ပါသည်။ဝေဒနာ ခံစားနေရသူများ အမြန်ဆုံးဆက်သွယ်ပါ။( သတိ - အသက် ၁၆နှစ်နှင့်၃၅ကြား ဝေဒနာရှင်များသာ လက်ခံကုသပေးမည် ဖြစ်ပါသည် )
ဆေးခန်းဖွင့်ချိန်- ည ၉ နာရီ မှ မနက် ၄ နာရီထိသာ( Monday to Sunday မှအပကျန်ရက်များတွင်ဆေးခန်းပိတ်ပါသည် )
ဆက်သွယ်ရန်
အချစ်ဝင်္ကပါ ဆေးတိုက်
အိမ်အမှတ် ၁၅၀၀၊ သစ္စာမေတ္တာလမ်း ၊ အကြင်နာရပ်ကွက်
အချစ်မြို့ ၊ ချစ်သူ့ တိုင်းပြည်
ကညာလိမ်စံအိမ်။
မျှဝေမှုလေးပါ.......သူငယ်ချင်းတစ်ယောက်မေးလ်ထဲကနေ ရတယ်လို့ပဲ ထားလိုက်ပါတော့..ဟီဟိ... မှားတာရှိတော့လည်း ကောင်လေး လွတ်တာပေါ့လေနော....အဓိက ကတော့ အပျိုကြီးများ လူပျိုကြီးများ နေ့စဉ်မှီဝဲပါ
ကျန်းခန့်သာလို့ မာပါစေ......

:: အတူတူကကြမယ်နော် :: တင်ပြမည် :: မှတ်စု 3
Page 1 of 1
Permissions in this forum:
You cannot reply to topics in this forum
|
|